ပုသိမ်  ၁၃ ဧပြီ  

 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အလှပြမော်တော်ယာဉ်ပြိုင်ပွဲကို ဧပြီ ၁၂ ရက် ညနေပိုင်းက ဧရာရွှေဝါခန်းမရှေ့၌ ကျင်းပသည်။

 

ေေ

 

ရှေးဦးစွာ ပြိုင်ပွဲဝင်နံပါတ်စဉ်အလိုက် အလှပြမော်တော်ယာဉ်များက အရောင်အဆင်း၊ ပြင်ဆင်ထားရှိမှနှင့် ပတ်သက်၍ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်များကို အဖွဲ့ခေါင်းဆောင်များက ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒိုင်အဖွဲ့ဝင်များက အလှပြမော်တော်ယာဉ်များကို အသေးစိတ်အကဲဖြတ်ကြသည်။

 

ေေ

 

ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်တွင် အလှပြမော်တော်ယာဉ် ၈ စီး ပါဝင်ယှဉ်ပြိုင်ကြပြီး မဏ္ဍပ်များ၊ ရပ်ကွက်များထဲသို့ ပြည်သူများအား လှည့်လည်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

 

န

 

ဆုပေးပွဲကို သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ဗဟိုမဏ္ဍပ်၌ ကျင်းပသွားမည်ဖြစ်ပြီး ဆုများကိုလည်း ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 


တိုင်းဒေသကြီး  (ပြန် /ဆက်)