သံဖြူဇရပ် ၁၃ ဧပြီ

 


မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် သက်ကြီးပူဇော်ပွဲကို သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများ စုပေါင်း၍ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


သက်ကြီးပူဇော်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ပြီး မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် အဘိုးအဘွား (၂၀၄)ဦးအား ကန်တော့ပစ္စည်း တန်ဖိုးကျပ် (၄၉)သိန်းဖြင့် ပူဇော်ကန်တော့ကြောင်း မြို့နယ်(ပြန်/ဆက်) ဦးစီးဌာနမှ သိရသည်။

 


MDN

 

််