ပုသိမ် ၁၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲသို့တက်ရောက်လာကြသူများကို သပြေခက်ဖြင့် ရေပက်ဖြန်းကာ "မန်းတောင်ရိပ်ခို" သီချင်းဖြင့် စုပေါင်းသီဆိုကြပြီး ဖွင့်ပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် သင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်အပါအဝင် ဆုပေးမဏ္ဍပ်များတွင် ယိမ်းအဖွဲ့ အကြီးတန်း ၇ ဖွဲ့၊ အခြေခံပညာ ၁၀ ဖွဲ့၊ သံချပ်၇ ဖွဲ့တို့က ယှဉ်ပြိုင်ကပြ ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


