မန်စီ ၁၃ ဧပြီ

 


တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ ကျမ်းယွမ်းဟိုတယ် သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ဧပြီ ၁၁ ရက် ညနေပိုင်းက မြန်မာ - တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး  တက်ဟုန်းသတင်းမီဒီယာအုပ်စုနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသ သတင်းမီဒီယာတို့သည် နှစ်နိုင်ငံ သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

 


ဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ် ဗဟိုကော်မတီပါတီ တယ်ဟုန်းပြည်နယ်ပါတီ ပြန်ကြားရေးဌာနမှူး မစ္စတာဟန်ချီရှမ်က အဖွင့်အမှာစကား ပြောကြားသည်။

 


ဆက်လက်ပြီး မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးကိုယ်စား မူဆယ်အခြေစိုက် အကြီးတန်း မြန်မာသတင်းထောက် ဦးသန့်ဇင်က တရုတ်နိုင်ငံ သတင်းမီဒီယာ မူဝါဒအခြေအနေ၊ သတင်းတင်ဆက်မှုပုံစံ စသည့် မေးခွန်းများနှင့်အတူ မိမိတို့ဘက်မှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရေးသားဖော်ဆောင်ပေးနေမှုတို့ကို ဆွေးနွေးခဲ့သည်။

 


ယင်းနောက် skynet ဒါရိုက်တာအဖွဲ့ဝင်နှင့် တယ်ဟုန်းပြည်နယ် ရုပ်မြင်သံကြားဌာနနှင့် အသံလွင်ဌာနမှူး မစ္စတာကျုံ့တန်းလျူတို့က နှစ်ဘက်ရုပ်မြင်သံကြားကိစ္စရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို  တရုတ်နိုင်ငံဘက်မှ  မစ္စတာဟန်ချီရှမ်နှင့် သတင်းမီဒီယာများ၊ မြန်မာဘက်မှ  သတင်းမီဒီယာများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 


သန့်ဇင် (မူဆယ်)