လှိုင်သာယာ ၁၃ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဗဟိုရေကစားမဏ္ဍပ်ဖွင့်လှစ်ပွဲကို စက်မှုဇုန် ၁ စက်မှုဇုန်မှတ်တိုင် မြို့နယ် ဗဟိုရေကစားမဏ္ဍပ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ဗဟိုမဏ္ဍပ်အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကိုက ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ပျှော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ရေကစား ပင်မရေပိုက်အား ဖွင့်လှစ်ပေးသည်။ ထို့နောက် ရပ်ကွက်အသီးသီးမှ သင်္ကြန်ယိမ်းအက လှပျိုဖြူလေးများက မန်းတောင်ရိပ်ခို တေးသီချင်းကြီးဖြင့် ကပြဖျော်ဖြေကာ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အဆိုတော်များက ခေတ်ပေါ်တေးသီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)


