ကျိုက်မရော ၁၃ ဧပြီ

 


မြန်မာသက္ကရာဇ် ၁၃၈ဝ ခုနှစ် မဟာသင်္ကြန်အကြိုနေ့အစ၌ပင် ကျိုက်မရောမြို့ ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်အတွင်းရှိ လူငယ်များ၊ ပရဟိတအဖွဲ့များ၏ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ကလေးငယ်များ၏ ချစ်စရာ အုန်းလက်မဏ္ဍပ်လေးများ၊ စတုဒိသာကျွေးမွေးမည့် မဏ္ဍပ်များတွင် မြန်မာလူမျိုးတို့၏ ဆယ့်နှစ်လရာသီပွဲတော်များထဲတွင် ကလေးရောလူကြီးပါ အပျော်လွန်သည့် အတာသင်္ကြန်ကို အထူးခုံမင်နှစ်သက်စွာဖြင့် ပျော်ရွှင်စွာ ကြိုဆိုနေကြသည့် မြင်ကွင်းများကို ကြည်နူးစွာဖြင့် တွေ့နေရသည်။

 

ေ

 

ကျိုက်မရောမြို့ သမိုင်းဝင်ဆုတောင်းပြည့် ဘုရားကြီးနှင့် စပယ်ဂူ၊ ခရုံဂူ၊ ဖားဘောင်ဂူ စသည့်သမိုင်းဝင်ဂူများ၊ စေတီပုထိုးများ၌လည်း ဘုရားဖူးသူများ၊ သင်္ကြန်အကြိုနေ့ ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများ၊ ရေပက်ခံ ကားကြီးကားငယ်၊ ဆိုင်ကယ်များ၊ ကျိုက်မရောမြို့အဝင် ထန်းပင်တန်းတွင်လည်း လမ်းလျှောက်သင်္ကြန် ဆင်နွှဲသူများ၊ ဓာတ်ပုံအလှရိုက်သူများဖြင့် မဟာသင်္ကြန်အကြိုနေ့၌ပင် စည်ကားလျက်ရှိကြောင်း သိရသည်။

 


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)

 

်ျ

 

ေေ