မြင်းခြံ ၁၃ ဧပြီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့၏ မဟာသင်္ကြန်ဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီက မာလာဟေဝန်မြိုင်ပန်းခြံရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပရာ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တူရိယာအဖွဲ့၊ ယိမ်းအဖွဲ့များမှ “မြူမှောင်ဝေကင်း” သီချင်းဖြင့် စုပေါင်းတီးခတ် ကပြဖျော်ဖြေခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ယိမ်းအဖွဲ့များအား အမွေးနံ့သာများဖြင့် အတာရေများ ပက်ဖျန်းခဲ့ကြသည်။
ဦးဇော်မင်းနိုင် (မြင်းခြံ)


