သာယာဝတီ ၁၃ ဧပြီ 

 


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများတက်ရောက်ကြပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း စသည့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ လှပျိုဖြူသ င်္ကြန်ယိမ်းအကများက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက သင်္ကြန်လှပျိုဖြူယိမ်းအဖွဲ့များအား သပြေခက်ဖြင့် အတာရေများ ပက်ဖျန်းပေးကြကာ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 


သန့်ဇော်(ပြန်/ဆက်)

 

ေ