မိုင်းဆတ် ၁၄ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉ ခုနှစ်၊ မဟာသင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် နံနက် ၇ နာရီက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းသို့ ဆန်အိတ် (၃၇)အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်အိတ်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးတို့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


