ကော့သောင်း ၁၄ ဧပြီ

 


ကော့သောင်းမြို့၏ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့အဖြစ် မြို့သူမြို့သားများ အေးချမ်းပျော်ရွှင်စွာ တစ်မြို့လုံး စည်ကားသိုက်မြိုက်စွာ ရေကစားကြသည်။

 

aa

 

ကော့သောင်းမြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် နံနက် ၈ နာရီမှစတင်၍ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ ရပ်ကွက်အလိုက် မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကအဖွဲ့များ၏ ဧည့်ခံကပြသီဆိုဖျော်ဖြေမှု အစီအစဉ်များအား မြို့နေမိဘပြည်သူများ၊ လူငယ်လူရွယ်များ လာရောက်ကြည့်ရှုအားပေး ရေကစားကြသည်။

 

j

 

မြို့ပေါ်ရပ်ကွက် ဖျော်ဖြေရေးမဏ္ဍပ်များဖြစ်သည့် အဏ္ဏဝါရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက်၊ ရွှေဇင်ယော်ရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက်နှင့် ရွှေပြည်သာရပ်ကွက်များရှိ ရပ်ကွက်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအကဖွဲ့များ၊ ရေပက်ခံထွက်ကြသူများဖြင့် စည်ကားပျော်ရွှင် အေးချမ်းစွာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြပြီး သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းအထိ မြို့ပေါ်ရပ်ကွက်များတွင် ယာဉ်မတော်တဆဖြစ်စဉ်များနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်မှုမရှိကြောင်းလည်း သိရသည်။

 

k

 

ယနေ့ည ၇ နာရီမှစတင်ကာ ဗဟိုဆုပေးမဏ္ဍပ်၌ ရပ်ကွက်ယိမ်းအက ပြိုင်အဖွဲ့များ၏ အကပြိုင်ပွဲများကို ဆက်လက်ပြိုင်ပွဲဝင် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


ကျော်စိုး (ကော့သောင်း)

 

k