ရန်ကုန် ၁၄  ဧပြီ

               

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့  မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၌ ယနေ့ ညနေပိုင်းတွင် လမ်းလျှောက်သူများ၊ စက်ဘီး၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ကားများ စီးနင်း၍ လည်ပတ် ရေပက်ခံထွက်ကြသော ကလေး၊ လူငယ်၊ လူကြီးများဖြင့် အထူးစည်ကားခဲ့ပြီး သင်္ကြန်တွင်းကာလ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်သူများလည်း အေးအေးချမ်းချမ်း ရှိကြကြောင်း သိရသည်။

 

1

               

သင်္ကြန်အကျနေ့ နံနက် နာရီက စတင်ပြီး နာရီအထိ ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် မှန်လုံကားဝင်းအတွင်းရှိ ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်သံစုံတီးဝိုင်းများ တီးခတ်၍ တေးသံရှင် ညီအစ်ကို မောင်နှမများ၏ ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များ မြန်မာ့ရိုးရာ အိုးစည်အကများဖြင့် ဧည့်ခံမည်ဖြစ်ရာ ယနေ့ ညနေပိုင်းတွင် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေပက်ခံကစားခဲ့ကြရာ အထူးစည်ကားခဲ့ကြောင်း မြင်တွေ့ရသည်။

 

1

 

ထို့အတူ သင်္ကြန်ပွဲတော်ကာလအတွင်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မြို့တွင်း လှည့်ကင်းပတ်ကင်းများ၊ ခိုး၊ ဆိုး၊ လုယက်မှုများ မဖြစ်ပွားစေရေး CCTV ကင်မရာများဖြင့် တပ်ဆင်စောင့်ကြည့်လျက်ရှိပြီး မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အဓိကလမ်းမကြီးများတွင် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှု မဖြစ်ပွားစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

နိုင်လင်းကျော်(ဒလ)

 

1