ရန်ကုန် ၁၄ ဧပြီ
မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ တီလက်မာရာပါနာနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဧည့်သည်တော်နှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ် ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။
ထို့နောက် ဧည့်သည်တော်နှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာရည်များ၊ ဆက်ကပ်လှူဒါန်းပြီး ဂေါပကအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဧည့်သည်တော်နှင့်အဖွဲ့သည် ကျောက်စိမ်းဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လည့်လှည်ဖူးမြော်ကြည်ညိုကာ သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


