ကန်ကြီးထောင့် ၁၅ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ချိန်ရောက်တိုင်း သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ရဟန်းသာမဏေ၊ သီလရှင် အပါးတစ်ထောင်ကျော်တို့ကို မြို့သူ၊ မြို့သားများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
နန်းထိုက် (KGD)


