လေးမျက်နှာ ၁၅ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အမှတ်(၁)ရပ်ကွက် ပြည်ငြိမ်းအေးကျောင်းတိုက်တွင် အောင်ဆန်းမိုးကုတ်ဝိပဿနာရိပ်သာခွဲ၏ (၁၆)ကြိမ်မြောက် သင်္ကြန်ကာလ မိုးကုတ်ဝိပဿနာ တရားစခန်းကို ဧပြီ (၁၃) ရက်က စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါတရားစခန်းတွင် ပြည်ငြိမ်းအေးကျောင်းတိုက် ဆရာတော် ဦးအရိယသာရက တရားကျင့်ကြံအား ထုတ်နည်းများကို လမ်းညွှန်ဟောပြော မြွက်ကြားလျက်ရှိပြီး တရားစခန်းဝင်ရောက်သူ ရဟန်းယောဂီ (၅)ပါး သီလရှင်ယောဂီ (၁၁)ပါး၊ အမျိုးသားယောဂီ (၁၄)ဦး၊ အမျိုးသမီးယောဂီ (၇၄)ဦး စုစုပေါင်း (၁၀၄)ဦး ဝင်ရောက်တရားအားထုတ်လျက်ရှိပြီး တရားစခန်းအား ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ငါးရက်တိုင်တိုင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)


