ရန်ကုန် ၁၅ ဧပြီ 

 


သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တီလက်မာရာပါနာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မြန်မာ - သီရိလင်္ကာ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။

 


သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. E.M.M. Nandimithra Ekanyake တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 


သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ခရီးစဉ်အတွင်း ပုဂံမြို့နှင့် ရန်ကုန်မြို့တို့ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာများသို့လည်း သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

 


(သတင်းစဉ်)