တာချီလိတ် ၁၅ ဧပြီ 

 


မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို တာချီလိတ်မြို့၌ အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိရာ သင်္ကြန်အကျနေ့ ညပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ ဆက်လက်ပါဝင်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည့် သင်္ကြန်ချစ်ပရိတ်သတ်များဖြင့် စည်ကားလျက်ရှိသည်။    

 

d

 

သင်္ကြန်အကြိုနေ့ညမှ စတင်၍ ယိမ်းအဖွဲ့ ၁၇ ဖွဲ့က ညစဉ်အလှည့်ကျ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ  ဆုရယိမ်းအဖွဲ့များနှင့် သင်္ကြန်မယ်ဆုရရှိသူတို့အား သင်္ကြန်အတက်နေ့ ပိတ်ပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ပြီး သင်္ကြန်ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်မှုအပြီးတွင် တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကြောင်း သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)

 

d