ကျောင်းကုန်း ၁၅ ဧပြီ
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်ကုန်းမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြောင်း သိရသည်။
ဗဟိုမဏ္ဍပ်တွင် အလှူရှင်များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမှုများလည်းရှိပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် (၆၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလို အတာကူးတဲ့ နှစ်သစ်မဟာသင်္ကြန်တွင် မိမိမွေးရပ်မြေသို့ ပြန်လည်ရောက်ရှိလာပြီး အလှူအတန်းလုပ်ကာ နှစ်ဦးကုသိုလ်အဖြစ် သိက္ခာထပ်၊ ရဟန်ခံ၊ ရှင်ပြု၊ သီလရှင်ဝတ်သူများရှိကြောင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ အဝေးရောက် ကျောင်းကုန်းသားတစ်ဦးက ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)


