ဗဟန်း ၁၅ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာ၌ ၂၀၁၉ ခုနှစ်၊ သင်္ကြန်တွင်း တရားစခန်းကို ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ (၅)ရက်တရားစခန်း ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ တရာစခန်းတွင် သင်္ကြန်ဒုလ္လဘရဟန်းတော် (၄၆၄)ပါး၊ သီလရှင် (၂၅၂)ပါး၊ အမျိုးသားယောဂီ (၁၈၂)ဦးနှင့် အမျိုးသမီးယောဂီ (၁၀၇၈)ဦး စုစုပေါင်း (၁၉၇၆)ဦး တရားအားထုတ်လျက်ရှိပြီး မဟာသင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ မဟာစည်သာသနာ့ရိပ်သာရှိ ဆရာတော်သံဃာတော် အရှင်သူမြတ်များက နှစ်သစ်တရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ဆက်)


