မိုင်းယောင်း ၁၅ ဧပြီ
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်နန်းဆေး၊ တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၄ ရက် နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်သည်။
ထိုသို့ ပေးအပ်ရာတွင် မိသားစုအသုံးအဆောင်ပစ္စည်း (၁၃)မျိုးပါ တစ်ပုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်း(၁၈)မျိုးပါ တစ်ပုံးနှင့် အမျိုးသမီးအသုံးအဆောင်ပစ္စည်း ရှစ်မျိုးပါတစ်ပုံး စသည့် ကယ်ဆယ်ရေးပစ္စည်းများတို့ကို နေအိမ်တစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့သည့် ဒေါ်ဘူးကော့ မိသားစုလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကာ အားပေးစကားပြောကြားခဲ့သည်။
စိုင်းအောင်ဇော်လင်း


