နေပြည်တော် ၁၅ ဧပြီ
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ရေကစားမဏ္ဍပ်တစ်ခု၌ ယနေ့နံနက်ပိုင်းက ရေကစားသူတစ်ဦးက ရောင်စုံမီးပန်းအား လက်ဖြင့်ဝှေ့ယမ်းသည်ကို လက်ပစ်ဗုံး ကွဲသည်ဟု ထင်ယောင်ထင်မှားဖြစ်ပေါ်ပြီး ရေကစားသူအချို့ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ် ၂၆ × ၇၀ လမ်းမပေါ်ရှိ ပေါ်ဦးရေကစား မဏ္ဍပ်တွင် နံနက် ၁၁ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်နေ မသဇင်မြင့်က အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူထားသော မီးခိုးရောင် အရှည် ၆ လက်မခန့်၊ လုံးပတ် ၁ လက်မခန့်ရှိ ရောင်စုံကာလာ အခိုးအငွေ့များထွက်သည့် မီးပန်းအား ရေကစားရင်း လက်မှကိုင်၍ ဝှေ့ယမ်းသည်ကို လက်ပစ်ဗုံးကွဲသည်ဟု ထင်ယောင်ထင်မှားဖြင့် အဆိုပါ ရေကစားမဏ္ဍပ်မှ ရေကစားသူအချို့ အထိတ်တလန့်ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)


