လွိုင်ကော် ၁၅  ဧပြီ

 

ကယားပြည်နယ် လွိုင်ကော်မြို့၌ ယနေ့ သင်္ကြန်အကြတ်နေ့တွင် တောင်ကွဲစေတီတော်၊ မြို့နာမ်စေတီတော် စသည့် လွိုင်ကော်မြို့တွင်း ဘုရားများသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက် လည်ပတ်ကြသူများဖြင့် စည်ကားများပြားသည်ကို တွေ့ရှိရသည်။

 

ကယားပြည်နယ်၏ လည်ပတ်မှု အများဆုံးနေရာများဖြစ်သည့် ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့်၊ ကွိုင်ငံရေထွက်ပေါက် စသည့်နေရာများတွင်လည်း ရေကစားသူများ၊ လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

 

လွိုင်ကော်မြို့ ဗဟိုမဏ္ဍပ်တွင် ရေကစားလည်ပတ်သူများ၊ တေးဂီတဖျော်ဖြေမှု လာရောက် အားပေးသူများနှင့် စည်ကားလျက်ရှိသည်ကို တွေ့ရှိရသည်။ ဗဟိုမဏ္ဍပ်တွင် နိုင်ငံကျော် တေးသံရှင်များအပြင် ဒေသခံ အဆိုတော်များဖြင့် နေ့စဉ်ဖျော်ဖြေလျက်ရှိပြီး စတုဒီသာမဏ္ဍပ်တွင်လည်း ရေကစားကြသူများ၊ လည်ပတ်သူများအား နေ့စဉ် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရှိရပါသည်။

 

ပြည်နယ် ပြန်/ဆက်

 

mdn