ရွှေကျင် ၁၅ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု သောင်လယ်ကျေးရွာတွင် ၂၀၁၉ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ နံနက် ၈ နာရီက ၁၃ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။
သက်ကြီးပူဇော်ပွဲတွင် သောင်လယ်ကျေးရွာ တိုက်သစ်ကျောင်းဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဣန္ဒာစာရမှ ငါးပါးသီလ ဆောက်တည်ပေးပြီး အသက် (၇၅)နှစ်အထက် အဖိုး (၉)ဦးနှင့် အဖွား (၁၄)ဦး စုစုပေါင်း (၂၃)ဦးတို့အား သောင်လယ်ကျေးရွာနှင့် မောင်းရုံကျေးရွာတို့မှ လူငယ်မောင်မယ်များနှင့် ကျေးရွာအတွင်းရှိ အလှူရှင်တို့၏ စုပေါင်းလှူဒါန်းငွေများဖြင့် အဖိုးအဖွားတစ်ဦးလျှင်ငွေကျပ် ၃၀ဝ၀ဝ နှင့် လှူဖွယ်ပစ္စည်းများကို စုပေါင်းလှူဒါန်းကြရာ အဖိုးဦးမြင့်သန်းနှင့် အဖွားဒေါ်တင်မြိုင်တို့က ဆုတောင်းမေတ္တာများ ပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


