ခါမ်းပါတ် ၁၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဧပြီ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်အချို့နှင့် စာသင်ကျောင်းများ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ခါမ်းပါတ်မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ကနန်ကျေးရွာ၊ ရွာသါကျေးရွာ၊ စွန်လည်ကျေးရွာနှင့် ကျွန်းတောရေရှင်ကျေးရွာတို့မှ လူနေအိမ် ၅၅ အိမ်နှင့် စာသင်ကျောင်း နှစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးကျပ် ၈၃ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၃၁ ရက်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁)ရပ်ကွက်ရှိ အလယ်တန်းကျောင်းမှာ သိပ်ပြား ၁၀ဝ ခန့် လွင့်ပါသွားခဲ့ပြီး ခန့်မှန်းတန်ဖိုးကျပ် ၅ သိန်းခန့် ဆုံးရှုံးခဲ့သည်။
ဇော်ဝင်းထွန်း


