ရန်ကုန် ၁၆ ဧပြီ

 


ရန်ကုန်မြို့ရှိ မဏ္ဍပ်ကြီး၊ မဏ္ဍပ်လတ်၊ လမ်းလျှောက်သင်္ကြန်နှင့် ရိုးရာသင်္ကြန်ဆင်နွှဲကြသူတို့ နေ့စဉ်စွန့်ပစ်သည့် စွန့်ပစ်ပစ္စည်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်ဝန်ထမ်းတို့မှ ညပိုင်းနှင့် နံနက်စောအချိန်တို့တွင် ရှင်းလင်းဆောင်ရွက်မှုကြောင့် သင်္ကြန်ကာလတွင် စွန့်ပစ်အမှိုက်များ စုပုံနေခြင်းမရှိကြောင်း သိရသည်။

 

d

 

ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်ကြီး(၁၃)ခု၊ မဏ္ဍပ်အလတ်(၁၆)ခု၊ လမ်းလျှောက်သင်္ကြန် (၅)ခုနှင့် ရိုးရာသင်္ကြန် (၁)တို့ဖြင့် စုစုပေါင်း(၃၅)ခုဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိပြီး ရန်ကုန်မြို့တွင်း ဆူးလေ၊ မဟာဗန္မုလပန်းခြံ၊ အင်လျားကန်စောင်း၊ မြကျွန်းသာ၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် အရှေ့မျဉ်းပြိုင်ကွင်း လမ်းတစ်လျှောက်တွင် သင်္ကြန်ဈေးသည်များ ရောင်းချလျက်ရှိရာ သုံးစွဲသူတို့၏ စွန့်ပစ်အမှိုက်များဖြင့် ကားလမ်းပေါ်နှင့် ရေမြောင်းများတွင် ပြန်ကျဲလျက်ရှိ၍ အတာရေသဘင်ပွဲတော် နောက်ဆုံးနေ့တွင် အများပြည်သူ စိတ်အေးချမ်းသာစွာ ပျော်ရွှင်နိုင်စေရန် သက်ဆိုင်ရာ စည်ပင်သာယာဝန်ထမ်းများက စွန့်ပစ်အမှိုက်များကို ရှင်းလင်းဆောင်ရွက်ခဲ့ပြီး လူမှုအထောက်အကုပြုအဖွဲ့ဖြစ်သော ရန်ကုန်ကလင်းနင်းနှင့် အခြားသော ပရဟိတလလူငယ်များကလည်း စွန့်ပစ်အမှိုက်များကို ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဓာတ်ပုံ- သန်းစိုး၊ သန်းထိုက်
 

 

f