သထုံ  ၁၆ ဧပြီ

 


မွန်ပြည်နယ်၊ သထုံမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (အတက်)နေ့ ဧပြီ ၁၆ ရက် ယနေ့တွင် သထုံမြို့နယ်အတွင်းရှိ နေရာအနှံ့အပြား၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ရေသဘင်ပွဲတော်ကို စည်ကားစွာ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

 

a

 

သထုံမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်ကြီးကို ရွှေစာရံစေတီအနီး၌ ထားရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့မှ ယိမ်းအဖွဲ့ ၉ ဖွဲ့တို့က အကျနေ့မှစတင်ကာ အလှည့်ကျ ယှဉ်ပြိုင်ဖျော်ဖြေကြပြီး လာရောက်ကြည့်ရှုသူ ရေကစားကြသူများဖြင့် စည်ကားနေကာ မြို့နယ်အတွင်းရှိ အခြားရေကစား မဏ္ဍပ်များတွင်လည်း အစုအဖွဲ့အလိုက် ရေကစားကြခြင်းနှင့် စတုဒိသာ လှူဒါန်းကျွေးမွေးကြခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

d


 

df

 

d