ရန်ကုန် ၁၆ ဧပြီ
ရန်ကုန်တောင်ပိ်ုင်းခရိုင်၊ သန်လျင်မြို့နယ်၌ ဧပြီ ၁၆ ရက် မြန်မာ့ရိုးရာ သင်္ကြန်အတက်နေ့ နံနက် ၉ နာရီက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ အဖွဲ့လိုက် သန်လျင်မြို့တွင်းနှင့် သင်္ကြန်ဗဟိုမဏ္ဍပ်သို့ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
နိုင်ငံခြားသား ကမ္ဘာလှည့်များသည် သန်လျင်မြို့ ဖို့မြေလမ်း၊ သီတာရေမြောင်းကြီးလမ်းဆုံမှ သတိပဋ္ဌာန်လမ်း၊ စာတိုက်လမ်းများတွင် အနှေးယာဉ်ဆိုက်ကားများစီးကာ ပျော်ရွှင်စွာ လှည့်လည်လေ့လာကြပြီး မြို့မဈေးအနီးရှိ သန်လျင်မြို့နယ် မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ်သို့ ဝင်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


