သထုံ ၁၇ ဧပြီ   

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

 

d

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များတို့က သထုံမြို့၊ ဝါးပါးဆည်အတွင်းသို့ ရွှေဝါငါးကြင်းနှင့် တီလားဗီးယာကောင်ရေ ၁၂၀ဝ၀ ကျော်ကို ဇီဝိတဒါနလွှတ်ပေးခဲ့ကြသည်။

 

dd

 

ယင်းနောက် သထုံမြိ့၏ကျက်သရေဆောင် သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်ကြီးတွင် သထုံမြို့နယ်အတွင်းရှိ အသက် ၉၀ နှင့်အထက် ဘိုးဘွား ၁၀၁ ဦးတို့အား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြကာ လူမှုရေး အသင်းအဖွဲ့များက ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းများဖြင့် တစ်ကိုယ်ရေသန့်ရှင်းပေးကြပြီး ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးအခမဲ့ စစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

 


သက်ဦး(သထုံ)