ငပုတော  ၁၇ ဧပြီ     

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ပေါ်ရှိ အသက်(၈၀)နှင့်အထက် ဘိုဘွား(၁၇၆)ဦးအား ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့သည့် သက်ကြီးပူဇော်ပွဲကို နှစ်ဆန်းတစ်ရက်နေ့ ယနေ့ နံနက်ပိုင်းက သီရိဧရာမိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

 

dd

 

သက်ကြီးပူဇော်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေဝင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားပေးပြီး ပူဇော်ပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများက ဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ပြုမှားပြစ်မှားထင်မှားရှိသည်များကို ခွင့်လွှတ်ပေးပါရန် ရှိခိုးကန်တော့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက အလှူငွေနှင့် ကန်တော့ခံပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် ကန်တော့ခံတက်ရောက်လာကြသည့် ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာများပို့သပေးခဲ့ပြီး သက်ကြီးပူဇော်ပွဲသို့ အသက်(၈၀)နှင့်အထက် တက်ရောက်ကန်တော့ခံ အဘိုး အဘွား တစ်ဦးလျှင် အလှူငွေတစ်သောင်းကျပ်နှင့် ကိုရီးယားစောင်တစ်ထည်စီ ပူဇော်ကန်တော့ ခဲ့ကြကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)