မော်လမြိုင် ၁၇ ဧပြီ
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့ နံနက် ၇ နာရီက မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာတံတား၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက တီလားပီယားအကောင်ရေ သုံးသောင်းနှင့် ရွှေဝါငါးကြင်း အကောင်ရေ လေးသောင်းတို့ကို ဇီဝိတဒါနအဖြစ် သံလွင်မြစ်အတွင်းသို့ လွှတ်ပေးခဲ့သည်။
ထို့နောက် သက်ကြီးပူဇော်ပွဲကို နံနက် ၈ နာရီတွင် တောင်ဝိုင်းဘိုးဘွားရိပ်သာ၌ ကျင်းပရာ ရိပ်သာရှိ ဘိုး၊ ဘွား ၄၉ ဦးတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများက ဘိုး၊ ဘွားကန်တော့ချိုးဖြင့် ကန်တော့၍ ဘိုး၊ ဘွားများအား ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး အဘိုး ဦးသန့်ဇင်နှင့် အဘွား ဒေါ်အုန်းကြည်တို့က ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)


