မန္တလေး ၁၇ ဧပြီ

 


မန္တလေးမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်များဖြင့် များပြားလျက်ရှိရာ တိုင်းဒသကြီးအစိုးရအဖွဲ့က ဦးစီးကာ ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနငါးလွှတ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့ နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။

 


မြန်မာနှစ်ဆန်းတစ်ရက်နေ့  ဇီဝိတငါးလွှတ်ပွဲတွင် ရွှေဝါငါးကြင်း အကောင်(၁)သောင်းနှင့် စူတန်ဖစ်ငါးသားပေါက် အကောင်(၁)သောင်း စုစုပေါင်း ငါးသားပေါက် အကောင်အရေ (၂)သောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာယုယုမေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများက ဧရာဝတီမြစ်အတွင်းသို့ လွှတ်ခဲ့ကြသည်။
    

 

မန္တလေးမြို့တွင် ဇီဝိတငါးလွှတ်ခြင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်ကျင်းပသလို ပြည်သူများ တစ်ဦးချင်းကလည်း ဧရာဝတီမြစ်အတွင်းနှင့် မန္တလေးမြို့ ကျုံးအတွင်းသို့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်အဖြစ် ဇီဝိတငါးလွှတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

 


ထွန်းထွန်းနိုင်၊ ဓါတ်ပုံ-မြင့်မော်ထွန်း
 

 

ိိ