မန္တလေး ၁၇ ဧပြီ
မြန်မာတို့၏ နှစ်သစ်ကူးရက်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်စေတနာရှင်များ စုပေါင်းပြီး မန္တလေးခရိုင်အတွင်းရှိ အသက် (၉၀)နှစ်နှင့် အထက် အဘိုးအဘွား (၃၂၁)ဦး ပူဇော်ကန်တော့ပွဲကို မြန်မာနှစ်ဆန်းတစ်ရက် ယနေ့ နံနက် (၈)နာရီက မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အဘိုးအဘွားများကို ပူဇော်ကန်တော့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများက အဘိုးအဘွားများအား အလှူငွေနှင့် အလှူပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြရာ အဘိုးတစ်ဦးက ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သက်ကြီးအဘိုးအဘွား ပူဇော်ကန်တော့ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ ဝန်ကြီများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် ပြည်သူများ တက်ရောက်ကာ အဘိုးအဘွားများအား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။
(သတင်း- ထွန်းထွန်းနိုင်၊ ဓါတ်ပုံ -မြင့်မော်ထွန်း)


