မန္တလေး ၁၇ ဧပြီ
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် ဗဟိုအကျဉ်းထောင် (မန္တလေး) တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၄၃၀ ကျော်ကို ယနေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ဗဟိုအကျဉ်းထောင် (မန္တလေး) မှ သိရသည်။
လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် အကျဉ်းသားများတွင် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံရသည့် အကျဉ်းသား ၅၀ ရာခိုင်နှုန်း ကျော်ပါဝင်ပြီး ခိုးမှု၊ ရိုက်မှု စသည့်အမှုမှ အကျဉ်းသားများလည်း ပါဝင်ကြောင်း သိရသည်။
အကျဉ်းသား ၄၃၀ ကျော်တွင် အမျိုးသမီး ၃၉ ဦး၊ နိုင်ငံခြားသား ၃ ဦး ပါဝင်ကြောင်း သိရသည်။
လူသားချင်း စာနာထောက်ထားကာ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်ပြီး စားစရိတ် ၁၀ဝ၀ ကျပ် ထောက်ပံပေးခြင်း၊ ဘူတာ၊ သင်္ဘောဆိပ်များအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် ဗဟိုအကျဉ်းထောင် (မန္တလေး) တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ ၄၀ဝ ကျော်ရှိကြောင်း သိရသည်။
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ အကျဉ်း ၉၅၀ဝ ကျော် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး နိုင်ငံခြားသား ၁၅ ဦးပါဝင်ကြောင်း သိရသည်။
အိမို့မို့ခိုင်


