ပုသိမ် ၁၇ ဧပြီ

 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်မှ ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျဉ်းသား ၇၂ ဦးနှင့် အကျဉ်းသူ ၉ ဦး စုစုပေါင်း ၇၉ ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။

 


မြန်မာ့နှစ်သစ်ကူး အခါသမယတွင် ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကျဉ်းအသီးသီးတွင် အကျဉ်းချထားခံရသော အကျဉ်းသား အကျဉ်းသူ  ၉၅၃၅ ဦးအား စည်းကမ်းသတ်မှတ်ချက်မထားဘဲ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၁၃/၂၀၁၉)အရ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။

 


မောင်မောင်မြင့်(ပြန်/ဆက်)

 

dd