မိုင်းဆတ် ၁၇ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အကျဉ်းဦးစီးဌာန၊ မိုင်းဆတ်အကျဉ်းထောင်မှ ဧပြီ ၁၇ ရက် (၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်)က နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၁၃/၂၀၁၉ အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၄၆)ဦး၊ အကျဉ်းသူ (၃)ဦး စုစုပေါင်း (၄၉)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်အကျဉ်းထောင်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၊ ၁၅ ဖြင့် (၂)ဦးနှင့် ၁၆ ဖြင့် (၃၉)ဦး၊ တပ်မတော်အက်ဥပဒေဖြင့် (၆)ဦး၊ အသက်(၇၅)နှစ်အထက် (၂)ဦး၊ စုစုပေါင်း (၄၉)ဦး လွတ်မြောက်ပြီး ပြစ်ဒဏ်ကျန်အနည်းဆုံး (၁၆)ရက်မှ အများဆုံး(၆)နှစ်ကျော်ထိ ရှိသူများပါဝင်ကြောင်း၊ ခိုးဆိုးလုနှိုက် ပြစ်ဒဏ်သမားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်လွတ်မြောက်သူ (၄၉)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အားပေးစကားပြောကြားပြီး တစ်ဦးလျှင်ငွေကျပ်နှစ်ထောင်စီ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းက တစ်ဦးလျှင် ငွေကျပ်တစ်ထောင်စီနှင့် မိုင်းဆတ်အကျဉ်းထောင်မှ တစ်ဦးလျှင် ငွေကျပ်ခြောက်ထောင်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)
သတင်းဓာတ်ပုံ- (၁၀)ပုံ
သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့)


