မုံရွာ ၁၇ ဧပြီ

 


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်းရှိ မုံရွာအကျဉ်းထောင်မှ ၂ဝ၁၉ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် မုံရွာအကျဉ်းထောင်တွင် အကျဉ်းကျခံနေသော အကျဉ်းသား (၄၂)ဦးနှင့် အကျဉ်းသူ(၃)ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြောင်း မုံရွာအကျဉ်းထောင်မှ ဦးစီးအရာရှိ ဦးဌေးမောင်မောင်ထံမှ သိရသည်။

 


အဆိုပါ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ မုံရွာအကျဉ်းထောင်သို့ မုံရွာခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်သိန်း၊ မုံရွာအကျဉ်းထောင်မှ တာဝန်ရှိသူများမှ ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား အကျဉ်းသူများကို တွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 


ဧပြီလ(၁၇)ရက် (မြန်မာနှစ်ဆန်းတစ်ရက်)နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၃/၂ဝ၁၉)ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား/သူ (၉၅၃၅)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ မုံရွာအကျဉ်းထောင်မှ အကျဉ်းသား/သူ (၄၅)ဦးမှာ ၎င်းလွတ်ငြိမ်းချမ်းသာခွင့်အား ခံစားခွင့်ရရှိခဲ့ကြောင်း သိရသည်။

 


ဝင်းဦး(ဇေယျာတိုင်း)

 

f