လွိုင်ကော် ၁၇ ဧပြီ
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင် / အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား/အကျဉ်းသူ (၉၅၃၅) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်အကျဉ်းထောင်၌ အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား / အကျဉ်းသူ (၉၃) ဦးအား ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီမှ စတင်ပြီး လွတ်ငြိမ်းသက်သာခွင့် ပြုပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ရရှိကြသူများတွင် အမျိုးသား (၈၃)ဦး၊ အမျိုးသမီး (၁၀) ဦးတို့အား မိဘ၊ ဆွေမျိုးများက ဝမ်းမြောက်ဝမ်းသာစွာ လာရောက်ကြိုဆိုလျက်ရှိကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)


