ပလောက် ၁၇ ဧပြီ

 


နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ပလောက်မြို့ နတ်စင်ကုန်း ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။

 


ထိုသို့ လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပလောက်မြို့နယ်မြေရဲစခန်းမှ ရဲအုပ်မြင့်စိုးနှင့် နတ်စင်ကုန်း ကုန်ထုတ်စခန်းမှ တာဝန်ခံ ဦးသန့်ဇော်ဦးတို့က လွတ်ငြိမ်းသက်သာခွင့်ရသူများနှင့် တွေ့ဆုံပြီး ဆုံးမစကားနှင့် အားပေးစကား ပြောကြားခဲ့သည်။

 


အဆိုပါ နတ်စင်ကုန်း ကုန်ထုတ်စခန်းတွင် စုစုပေါင်း ၁၆ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး လွတ်မြောက်သူများ၏ လုပ်အားခငွေများကို နတ်စင်ကုန်း ကုန်ထုတ်စခန်း တာဝန်ရှိသူများက တစ်ဦးချင်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 


နိုင်ဦး(ပလောက်ပြန်/ဆက်)