ဘောလခဲ ၁၈ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နှစ်ဆန်း (၁) ရက် နံနက် (၉) နာရီက ဘောလခဲမြို့လယ် ဓမ္မာရုံ၌ (၂၇) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲတွင် ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုကန်တော့ပြီး ဘိုးဘွားများအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်နှင့် အလှူရှင်တို့မှ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ရာ အဘိုးဦးပန်နှင့် အဖွားဒေါ်အေးကြွယ်တို့က ဆုတောင်းမေတ္တာ ပို့သပေးခဲ့သည်။
ဆက်လက်ပြီး ပရိတ်တရားတော်နာရေးအတွက် ရှမ်းပိုင်းရပ်ကွက်နှင့် ကယားပိုင်ရပ်ကွက်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ပြီး ဘိုးဘွားများအား စားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့သည်။
အဆိုပါသက်ကြီးဘိုးဘွား ပူဇော်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်သူ/သားများက တက်ရာက်ပူဇော် ကတော့ခဲ့ပြီး ကျန်းမာရေးဌာနက ဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဖိုးရယ်


