၁၈ ဧပြီ

 

မိဘများကိုရည်ရွယ်၍ စာရေးသူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကိုမေ(ပညာရေး) စီစဉ်ရေးသားသည့် ဆန်းဆန်းတင့်မေမေ စာအုပ်ထွက်ရှိလာသည်။

 

ကလေးဆိုတာ တီဗွီကြည့်ရင်းနှင့်မင်းသား၊ မင်းသမီးများအိုက်တင်ကိုလိုက်လုပ်တတ်ကြပြီး ကြည့်ရင်းနှင့်အားကျနေကြသည်။ ထို့ကြောင့် သူ့ကိုတစ်ရက်လောက်မကဘဲ သူငယ်ချင်းတွေကတာကို ထိုင်ကြည့်ခိုင်းသည်။ အကြောက်တရားကြီးစိုးပြီး အုပ်ချုပ်ခံရသည့် မိသားစုတစ်စုတွင် အနည်းနှင့်အများ စိတ်ခံစားချက်တွေက ပြည့်နှက်နေမည်သာဖြစ်သည်။ ကျွန်မ ပြဿနာ လာရှာတာမဟုတ်ပါဘူး။ ကျွန်မရဲ့သားလို အခြားကလေးတွေဖြစ်မှာစိုးလို့ လာသတိပေးတာပါ။ အမေကြီးကို ကူရောင်းပေးချင်တာ။ သမီးကကျောင်းတွေတက်ပြီး အမေကြီး ကဈေးထဲမှာ တစ်ယောက်တည်း ဈေးရောင်းနေတာကိုသနားလို့။ ကလေး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ မိဘများ၏ မှန်ကန်တဲ့ပဲ့ကိုင်ပေးမှုက အလွန်ပင်အရေးပါကြောင်း အဆိုပါစာအုပ်တွင် ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်