၁၈ ဧပြီ

 

ဆရာချမ်းမင်း(LL.B) စီစဉ်ရေးသားသည့် ဘဝရှုခင်း အလင်းလက္ခဏာ အမှတ်(၂)စာအုပ် ထွက်ရှိလာသည်။

 

သတ္တဝါဟုဆိုရာတွင် အသိဉာဏ်အရှိဆုံးနှင့် အမြင့်မြတ်ဆုံးဖြစ်သော လူတို့၏ကံကြမ္မာကို ညွှန်းဆိုခြင်းဖြစ်သည်။ လူသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါးကိုဖြတ်သန်းရာတွင် ဖြစ်ခြင်း၊ ပျက်ခြင်းဟူသည့် တရားသည် အရိပ်သဖွယ်လိုက်ပါလျက်ရှိရာ ထိုကံသုံးပါးကိုမှီ၍ ဖြစ်တည်လာခြင်းဖြစ်သည်။ လက္ခဏာပညာသည် လူတစ်ဦး တစ်ယောက်၏ ကံသုံးပါး အမူအရာကိုလည်းကောင်း၊ ထိုကံသုံးပါး အမူအရာကြောင့် ပေါ်ပေါက်လာသော ကံကြမ္မာ အတက်အကျ အနိမ်အမြင့်၊ အလျော့အတင်းတို့ကိုလည်းကောင်း၊ သိမြင်နိုင်ရန် ခွဲခြားစိတ်ဖြာဆန်းစစ်လေ့လာသော ပညာဖြစ်သည်။ လက္ခဏာဝါသနာရှင်များအနေဖြင့် လက္ခဏာပညာရပ်ကို မလေ့လာမီလက္ခဏာပညာ၏ တရားကိုယ်သဘောကို ကျေညက်စွာသိရှိထားရန်လိုအပ်သည်။

 

ကြေးမုံ စာအုပ်စင်