၁၈ ဧပြီ
ရွှေမြအောင် ဂျာမန်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုထားသည့် ဟိုမိုဖာဘာ စာအုပ်ထွက်ရှိလာသည်။
သင်ယူတတ်မြောက်ထားသည့်နည်းပညာရှင်ပီပီ သူ့ဘဝကို ယုတ္တိဗေဒကျကျ၊ သိပ္ပံနည်းလမ်းကျကျ၊ သဘာဝကျကျ ဖြတ်သန်းနေရင်းက (သူကိုယ်တိုင်က လုံးဝ မသိလိုက်ရဘဲ) သူ့ဘဝတစ်ခုလုံး ပြန်လည်၍အဖတ်ဆယ်၍ မရတော့လောက်အောင် ပျက်စီးသွားပြီး သူ၏သမီးပါ ရေတိမ်နစ်သွားရရှာသည့် ဖခင်တစ်ဦး၏ ကြေကွဲဆို့နင့်ဖွယ် ဇာတ်လမ်းကို ဘာသာပြန်ဆိုထား သည်။ ၂၁-ရာစု ဂျာမန်စာပေတွင် အရေးပါဆုံးစာရေးဆရာတစ်ဦးဖြစ် သည့်ဆွစ်လူမျိုး Max Frisch မက်စ်ဖရိရှ်(၁၉၁၁-၁၉၉၁)၏ အကျော်ကြားဆုံး လက်ရာတစ်ခုဖြစ်သည်။ ဂျာမနီက အထက်တန်းအဆင့် စာသင်ကျောင်းများတွင်ပင် ပြဋ္ဌာန်းခံခဲ့ရသည့် စာအုပ်ဖြစ်သည်။
ကြေးမုံ စာအုပ်စင်


