ထန်းတပင် ၁၈  ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ မြို့မလူငယ်ပရဟိတအဖွဲ့မှ ကြီးမှူးကာ ကျင်းပပြု လုပ်ခဲ့သည့် တတိယအကြိမ်မြောက် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲက အမှတ်(၄)ရပ်ကွက်၊ ထန်းတပင်ကျွန်းငူကမ်းနား၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဇီဝိတဒါန ငါးလွှတ်ပွဲမစတင်မီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ငါးသားပေါက်များကို အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ထန်းတပင်မြို့မ လူငယ်ပရဟိတအဖွဲ့ဝင်များ၊ ယိမ်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများက ထန်းတပင်ကျွန်းငူကမ်းနား သင်္ဘောဆိပ်တွင် ငါးခူ ငါးသားပေါက်ကောင်ရေ (၅၅ဝ)တို့ကို ဇီဝိတဒါနအဖြစ် တပျော်တပါး ကုသိုလ်ပြုလွှတ်ပေးခဲ့ကြသည်။

 

မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ နှစ်သစ်အခါသမယတွင် သတ္တဝါများ ဇီဝိတ အသက်ချမ်းသာရစေရန် ရည်ရွယ်ချက်ဖြင့် ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငါးလွှတ်ပွဲသို့ ကုသိုလ်ပြုလာရောက် ကြသူများကိုလည်း စတုဒိသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံကျွေးမွေးခဲ့ကြသည်။

 

ဇင်မင်းထိုက် (ထန်းတပင်)

 

 

DSC