ဆီဆိုင် ၁၈ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု နောင်လုံ(မြောက်)ကျေးရွာတွင် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့ကာ လေဘေးသင့်အိမ်ထောင်စုများအား သက်ဆိုင်ရာမှ တာဝန်ရှိသူများမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် နောက်လုံ(မြောက်)ကျေးရွာတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းဆောင်တစ်ဆောင်၊ လူနေအိမ် (၄၄)လုံးနှင့် တိကလိုင်ကျေးရွာတွင် လူနေအိမ် (၂)လုံးတို့က အမိုးလန်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်ပွားရာသို့ ဧပြီ ၁၈ ရက်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းအောင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်းတို့နှင့်အတူ နောင်လုံ(မြောက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းဇရပ်တွင် လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ လေဘေးသင့်အိမ်ထောင်စု (၄၅)စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၄၅)ခုနှင့် ထောက်ပံ့ငွေကျပ် ၃၇၀၉၀ဝ၀ အား လေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


