စလင်း ၁၈ ဧပြီ

 

ကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျပ္ပာယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အာရုဏ်ဆွမ်းအလှူရှင် ဦးအောင်သန်းငွေ၊ နေ့ဆွမ်းအလှူရှင် ဦးအုန်းမောင်တို့မှ သရက်ချဉ်သုတ်၊ ငရုတ်သီးကျော်၊ ပဲဟင်း၊ ညောင်ရွက်သုတ်တို့ဖြင့် ကျေးရွာနေပြည်သူများအား ကုသိုလ်ပြုကျွေးမွေးခဲ့ရာ နံနက် ၈ နာရီခန့်တွင် အစာအဆိပ်သင့် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားခဲ့သည်။

 

mdn

 

အစာအဆိပ်သင့်မှုကြောင့် အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၉၅ ဦးဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက်မှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၉ ဦးတို့အား ဆေးသွင်းကုသပေးခဲ့ရကြောင်း၊ ဝမ်းပျက်၊ ဝမ်းလျှောဆိုင်ရာ အသိပညာပေးခြင်းများကို သရက်တောတိုက်နယ် ဆေးရုံမှ ဒေါက်တာဒေါ်စုယဉ်နွယ်နှင့် အဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး ရေတွင်းရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆက်လက်ဖြစ်ပွားမှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

mdn

 

မောင်လွင်(ပြန်/ဆက်)