နေပြည်တော်     ၁၈ ဧပြီ 

    

 

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဧပြီ ၁၇ ရက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ နေပြည်တော် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့်တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
    

 

df

 

ရှေးဦးစွာ နန်ချွန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နန်ချွန်ကျေးရွာရှိ နေအိမ်(၄၆)လုံးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံငွေ၊ အိမ်ဆောက်စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုး စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၃၆၄၈၀ဝ) နှင့် တစ်အိမ်ထောင်လျှင် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် (၉၂၀ဝ၀ဝ) ကို လည်းကောင်း။

 


ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်  ငန်းစပ်ကျေးရွာ၊ ဇလောင်းတောင်ကျေးရွာနှင့် ဇလောင်းမြောက်ကျေးရွာမှ နေအိမ် (၂၉)လုံးအတွက်  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံငွေ၊ အိမ်ဆောက်စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုး စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၀၁၄၂၀ဝ)နှင့် နေပြည်တော် ကောင်စီက တစ်အိမ်ထောင်လျှင် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၅၈၀ဝ၀ဝ)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့ပြင် နန်ချွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အမိုးလန်ခြင်းအတွက် ပြင်စင်စရိတ်အလှူငွေ နှစ်သိန်းခွဲအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆရာတော်ထံ ပေးအပ်လှူဒါန်းသည်။
      

 

ထို့နောက် သဲကျွန်းကျေးရွာဓမ္မာရုံတွင်  မင်းကုန်းကျေးရွာ၊ ဖောင်းလောင်ကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာများမှ နေအိမ်(၁၅)လုံး၊ တောင်ညိုကျေးရွာအုပ်စုရှိ အောင်ချမ်းသာကျေးရွာမှ နေအိမ်(၁)လုံးနှင့် ရွှေနံ့သာရပ်ကွက် ဓမ္မာရုံတွင် ရွှေနံ့သာရပ်ကွက်ရှိ နေအိမ်(၈)လုံးအတွက် နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ ထောက်ပံငွေ၊ အိမ်ဆောက်စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုး စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၆၅၃၀ဝ)ကျပ်နှင့် နေပြည်တော်ကောင်စီက တစ်အိမ်ထောင်လျှင် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၄၆၀ဝ၀ဝ)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 


ဥတ္တရသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၅၂)လုံး၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ စာသင်ကျောင်း(၅)ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


အောင်ကို(ပြန်/ဆက်)