နေပြည်တော် ၁၉ ဧပြီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Destination Asia Co.,Ltd တို့၏ ပူးပေါင်း စီစဉ်မှုတို့ဖြင့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော Nautica သည် ထိုင်းနိုင်ငံ ၊ ဖူးခက်ဆိပ်ကမ်း မှတစ်ဆင့် ရန်ကုန်မြို့၊ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ဧပြီလ ၁၄ ရက်က ဆိုက်ကပ်ခဲ့ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမေရိကန်နိုင်ငံသား အများစုပါဝင်သော ကမ္ဘာလှည့်ခရီးသည်များသည် ရန်ကုန်၊ ပုဂံ၊ မန္တလေး နှင့် ပဲခူးခရီးစဉ်များကို သွားရောက်လည်ပတ်ခဲ့ကြပြီး ဧပြီလ ၁၆ ရက်တွင် ရန်ကုန်မြို့၊ မြန်မာအပြည်ပြည်ဆိုင်ရာသီလဝါဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ၊ ကိုချင်းဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘော Nautica တွင် နိုင်ငံတကာမှ ခရီးသွားဧည့်သည် (၈၅၀) ဦးနှင့် သင်္ဘောအမှုထမ်း (၃၈၆)ဦး စုစုပေါင်း (၁၂၃၆)ဦးတို့ကို လိုက်ပါခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
MDN


