ရွှေကျင် ၁၉ ဧပြီ

 

ရွှေကျင်မြို့နယ် ဟင်္သာဝဲကျေးရွာအုပ်စု ဟင်္သာဝဲကျေးရွာတွင် ဧပြီလ ၉ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့သည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၂)သိန်း၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၃)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀ဝ) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၂)အိမ်ထောင်စာနှင့် Family Kit (၂)ပုံးတို့အားလည်းကောင်း၊ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ်(၁)သိန်း၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ (၁၃)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၂၇၃၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဟင်္သာဝဲကျေးရွာတွင် ဧပြီလ ၉ ရက် မွန်းလွဲပိုင်းက အပူရှိန်မြင့်တက်မှု ကြောင့် ဂက်စ်မီးခြစ်ထပေါက်ရာမှ ဦးကျော်ဦးနှင့် ဦးတာတူးတို့၏ နေအိမ် (၂)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ဦးသိန်းရွှေ၏နေအိမ်မှာ မီးကူးစက်လောင်ကျွမ်းမှု မခံရစေရန် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)