ရန်ကုန် ၂၀ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ သစ်တောလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ သစ်တောမြစ် ထွက်ပေါက်မြောင်းမကြီးအတွင်းရှိ အမှိုက်များကို အနောက်ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ အနောက်ပိုင်းခရိုင် လမ်းတံတားဌာနမှ ဝန်ထမ်းအင်အား  ၅၀ ဦးဖြင့် ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ မြောင်းသန့်ရှင်းရေးပြုလုပ်ရာသို့ အလုံမြို့နယ် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ လ/ထဌာနမှူး ဦးဇော်ဝင်းနိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ခရိုင်မှူး ဦးမောင်မောင်လွင်၊ မြို့နယ်လမ်းတံတားတာဝန်ခံ ဦးမောင်မောင်၊ မြို့နယ်စည်ပင်ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ထွန်း၊ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ အားပေးကူညီဆောင်ရွက်ကြကြောင်း သိရသည်။

 

ကိုတင်မောင်ဦး (အလုံ)