ကနီ ၂၀ ဧပြီ     

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ မန္တလေး ခင်သုသာန်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေ သိန်း ၁၀ဝ ဖြင့် မီးသင်္ဂြိုလ်စက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

"ကျွန်တော်တို့မြို့ကို တိုင်းဒေသကြီးပိုလျှံရန်ပုံငွေမှ မီးသင်္ဂြိုလ်စက်ဆောက်ဖို့ ထောက်ပံ့ရန်ပုံငွေ သိန်း ၁၀ဝ ရရှိပါတယ်။ မီးသင်္ဂြိုလ်စက်ကို အပြီးအစီးဆောက်လုပ်ဖို့ ငွေကမလုံလောက်ပါဘူး။ ဒါပေမဲ့ မြို့နယ်မှ ပုဂ္ဂလိက အလှူရှင်များ လှူဒါန်းထောက်ပံ့မှုနဲ့ အပြီးဆောက်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ မီးသင်္ဂြိုလ်စက်ကို ဒီဇယ်အင်ဂျင်ဖြင့် ဒီဇယ်ကို အသုံးပြု၍ မီးသင်္ဂြိုလ်မှုများဆောင်ရွက်မှာဖြစ်ပါတယ်"ဟု မီးသင်္ဂြိုလ်စက်ဆောက်လုပ်ရေး အဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

သုသာန်က တောင်ကုန်းဖြစ်နေတော့ ကျွန်တော်တို့က အရင်ဆုံးမီးသင်္ဂြိုလ်စက် အဆောက်အဦဆောက်လုပ်နိုင်အောင် အခုလို စက်ကြီးနဲ့ မြေညှိခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ စက်၊ အဆောက်အဦနှင့် အခြားလိုအပ်မှုများကို အလှူရှင်များမှ လှူဒါန်းထောက်ပံ့ပေးကြမှာဖြစ်တဲ့အတွက် အမြန်ဆုံးဆောက်လုပ်ပြီးစီးနိုင်မှာ ဖြစ်ပါကြောင်း ပြောပြခဲ့သည်။

 

သန်းဌေးအောင်(ကနီ)