ကသာ ၂၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် နွေရာသီ ရေပြတ်လပ်မှုမရှိစေရန် မြို့ရေပေးဝေရေးလုပ်ငန်းများဖြစ်သော ဆင်ကြပ်တောင် စိမ့်စမ်းရေ၌ ရေစုကန်အတွင်း ရေဝင်ရောက်မှု အခြေအနေကို စစ်ဆေးပြီး ရေစုကန်အတွင်း အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်းခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ မခွေးရေပေါက်စိမ့်စမ်းရေ၌ ဂါလန် ၁၀ဝ၀ဝ ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အင်းတော်မြို့နယ် စည်ပင်သာယာဥက္ကဋ္ဌ ဦးဝင်းဆွေမြင့်၊ မြို့နယ်စည်ပင်သာယာ ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ အင်ဂျင်နီယာ ဦးမင်းမင်းစိုးနှင့် ကော်မတီဝင်များမှ သွားရောက်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
လူအောင်(ကသာ)


